‘Pixel ကင်မရာ’ ဖြင့် အခိုက်အတန့်တိုင်းကို မလွတ်တမ်းရိုက်ကူးနိုင်သည်။ ‘အလှပုံ’၊ ‘ညမြင်ကွင်း’၊ ‘အမြန်ပြကွက်မုဒ်’၊ ‘ရုပ်ရှင်ရသ မှုန်ဝါးခြင်း’ ကဲ့သို့သော တူးလ်များသုံး၍ အလွန်ကောင်းမွန်သည့် ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးနိုင်သည်။
ရင်သပ်ရှုမောဖွယ်ဓာတ်ပုံများ ရိုက်ကူးခြင်း
• အလင်းဖွင့်ခြင်းနှင့် အရောင်ချိန်ခြင်းထိန်းချုပ်တူးလ်များပါသော HDR+ - အထူးသဖြင့် အလင်းဖျော့ (သို့) အလင်းရောင်နောက်ခံမြင်ကွင်းများတွင် HDR+ သုံး၍ မယုံနိုင်လောက်အောင်ကောင်းမွန်သော ဓာတ်ပုံများ ရိုက်ကူးနိုင်သည်။
• ညမြင်ကွင်း - သင့်ဖလက်ရှ်မီးကို ထပ်သုံးလိုတော့မည်မဟုတ်ပါ။ ‘ညမြင်ကွင်း’ သည် အမှောင်တွင် မြင်တွေ့ရန်မလွယ်သော အသေးစိတ်နှင့် အရောင်အားလုံးကို ထင်ရှားပေါ်လွင်စေသည်။ ‘နက္ခတ်တာရာဓာတ်ပုံ’ ဖြင့် ‘နဂါးငွေ့တန်း’ ဓာတ်ပုံများကိုပင် ရိုက်ကူးနိုင်သည်။
• ကင်မရာနည်းပြ - Gemini အကူအညီဖြင့် အကြံပြုချက်နှင့် လမ်းညွှန်ချက်များ ရယူပြီး ပိုကောင်းသောဓာတ်ပုံများ ရိုက်ကူးနိုင်သည်
• အော်တို အကောင်းဆုံးပုံ - ဓာတ်ပုံရိုက်ခလုတ် တစ်ချက်နှိပ်ရုံဖြင့် သင့်မိတ်ဆွေအားလုံး၏အခိုက်အတန့်တိုင်းကို မလွတ်တမ်းရိုက်ကူးနိုင်သည်
• စူပါပြတ်သားနှုန်းဇူးမ် - အဝေးမှအရာကို အနီးသို့ ဆွဲယူနိုင်သည်။ ‘စူပါပြတ်သားနှုန်းဇူးမ်’ သည် ဇူးမ်ဆွဲသောအခါ သင့်ဓာတ်ပုံများကို ပိုမိုပြတ်သားအောင် ပြုလုပ်ပေးသည်။
• အထူးပြတ်သားနှုန်းဇူးမ် - ပုံဖန်တီးထုတ်လုပ်မှု အဆင့်မြင့်မိုဒယ်များဖြင့် ပံ့ပိုးထားပြီး အဆ ၁၀၀ အထိ ဇူးမ်ဆွဲနိုင်သည်
• မိမိပုံ ပေါင်းထည့်ခြင်း - သင့်ဓာတ်ပုံတွင် ရိုက်ကူးသူပါမကျန် တစ်ဖွဲ့လုံး ပါဝင်နိုင်သည်
• ကြာရှည်စွာ အလင်းဖွင့်ခြင်း - မြင်ကွင်းအောက်ရှိ ရွေ့လျားနေသောအရာဝတ္ထုပေါ်တွင် မှုန်ဝါးထားသောဖန်တီးချက် ထည့်နိုင်သည်
• လှုပ်ရှားမှုရိုက်ကွက် - အရာဝတ္ထုကို ဆုံချက်ထားပြီး နောက်ခံတွင် မှုန်ဝါးထားသောဖန်တီးချက် ထည့်နိုင်သည်
• ဆုံချက်ချဲ့ခြင်း - အသေးဆုံးအရာဝတ္ထုများကိုပင် ပေါ်လွင်သောအရောင်၊ အံ့မခန်းအရောင်ခြားနားချက်တို့ဖြင့် ရိုက်ကူးနိုင်သည်
• ကျွမ်းကျင်အဆင့်တူးလ်များ - ရှပ်တာမြန်နှုန်း၊ ISO စသော အဆင့်မြင့်ကင်မရာဆက်တင်များ ရယူနိုင်သည်
ရိုက်ချက်တိုင်းတွင် ဗီဒီယိုထူးခြားကောင်းမွန်ခြင်း
• ဗီဒီယိုအရည်အသွေးမြှင့်ခြင်း - Cloud တွင် AI စီမံဆောင်ရွက်ခြင်းဖြင့် အနုစိတ်ပြတ်သားသော ဗီဒီယို ရယူနိုင်သည်
• ညမြင်ကွင်း ဗီဒီယို - မှောင်သွားသည့်တိုင် ပြီးပြည့်စုံသည့် အခိုက်အတန့်ကို ပြန်လည်ခံစားနိုင်သည်
• လူထူထပ်သောနေရာများတွင်ပင် ပြေပြစ်၍ တိကျမှန်ကန်မှုမြင့်သော ဗီဒီယိုများကို ရင်သပ်ရှုမောဖွယ် ပုံရိပ်ပြတ်သားကိန်း၊ ပြတ်သားသော အသံတို့ဖြင့် ရိုက်ကူးနိုင်သည်
• ရုပ်ရှင်ရသ မှုန်ဝါးခြင်း - ရိုက်ကူးမည့်အရာ၏ နောက်ခံကို မှုန်ဝါးခြင်းဖြင့် ရုပ်ရှင်ရသ ဖန်တီးနိုင်သည်
• ရုပ်ရှင်ရသ ရိုက်ကွက် - ဖုန်း၏ ဘေးတိုက်ဆွဲရိုက်မှုကို အရှိန်လျှော့ပေးနိုင်သည်
• ကြာကြာနှိပ်၍ ရိုက်ချက် - မူရင်းဓာတ်ပုံမုဒ်တွင် ရှိနေစဉ် ရှပ်တာခလုတ်ကို ကြာကြာနှိပ်ပေးရုံဖြင့် ပေါ့ပေါ့ပါးပါး ဗီဒီယိုအတိုများ ရိုက်ကူးနိုင်သည်
သတ်မှတ်ချက်များ - ‘Pixel ကင်မရာ’ နောက်ဆုံးဗားရှင်းသည် Android 16 နှင့်အထက်ရှိသည့် Pixel စက်ပစ္စည်းများတွင်သာ အလုပ်လုပ်သည်။ Wear OS အတွက် ‘Pixel ကင်မရာ’ ၏ နောက်ဆုံးဗားရှင်းသည် Pixel ဖုန်းများနှင့်ချိတ်ဆက်ထားသည့် Wear OS 5.1 (နှင့်အထက်) စက်များတွင်သာ အလုပ်လုပ်သည်။ အင်္ဂါရပ်အချို့ကို စက်အားလုံးတွင် မရနိုင်ပါ။
အပ်ဒိတ်လုပ်ခဲ့သည့်ရက်
၂၀၂၅ အောက် ၃၀